အချစ်စစ် အချစ်မှန်နဲ့ ဆုံတွေ့နေရပြီဆိုရင် ဖြစ်ပေါ်လာမယ့် ခံစားချက်များ

ကိုယ့်ဘေးမှာ ရှိနေတဲ့ ကိုယ့်ချစ်သူက ကိုယ့်အတွက် အချစ်စစ်မှဟုတ်ရဲ့လားဆိုတဲ့ အတွေးမျိုးကို လူတိုင်းတွေးဖူးကြမှာပါ။ အချစ်စစ်ဆိုတာ ပါးစပ်ကနေ အရမ်းချစ်တယ် လို့ပြောနေရုံနဲ့ ဖြစ်မလာနိုင်ပါဘူး။

တကယ်လို့ သင့်အနေနဲ့ အခုဖော်ပြမယ့်အချက်လေးတွေကို ကြုံခဲ့ပြီးပြီဆိုရင် လက်ရှိသင့်ဘေးက ချစ်သူက သင့်ရဲ့ အချစ်စစ် Soulmate လို့ သတ်မှတ်နိုင်ပါပြီ။

(၁) ချစ်သူတွေက သဘောထားကွဲလွဲမှုတွေကြောင့် ရန်ဖြစ်ကြတာ မဆန်းတော့ပါဘူး။ ဒါပေမယ့် သင်တို့နှစ်ယောက်က ရန်အကြီးအကျယ်ဖြစ်ဖူးပြီး ပြတ်တော့မလိုဖြစ်ခဲ့ပေမယ့် တကယ့်တကယ်မှာမပြတ်နိုင်ကြဘဲ အခုအချိန်အထိလက်တွဲတွေမြဲနေတုန်းဆိုရင်တော့ သူဟာ သင့်ရဲ့ Soulmate ဆိုတာ သေချာပါတယ်။

(၂) သင်ဟာ သူနဲ့တွေ့ပြီးနောက်မှာ ကောင်းတဲ့အပြောင်းအလဲတွေ တစ်ခုပြီးတစ်ခုဖြစ်လာတယ်ဆိုရင်၊ သင့်ရဲ့ အကျင့်ဆိုးတွေကိုလည်း သူ့ကြောင့် ပြုပြင်ပြောင်းလဲခဲ့ဖူးတယ်။

(၃) တစ်ယောက်ရဲ့စိတ်ထဲက ကြောက်ရွံ့မှုတွေကို တစ်ယောက်က ကောင်းကောင်းနားလည်နေပြီး၊ အပြန်အလှန်နာကျင်ခံစားရအောင်မလုပ်ကြဘူး။

(၄) နှစ်ယောက်သားက ဟန်ဆောင်မှုတွေမရှိတဲ့ မိသားစုဝင်တွေလို ရင်းနှီးမှုမျိုးကို ပိုင်ဆိုင်ထားတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား လျှို့ဝှက်ထားတဲ့အချက်တွေဆိုတာလည်း မရှိဘူး။

(၅) သူ့ရဲ့မျက်လုံးတွေထဲမှာ နွေးထွေးမှုကိုခံစားရတယ်။

(၆) သင်တို့နှစ်ယောက်ရဲ့အချစ်ရေးကိုကြည့်ပြီး ဘေးလူတွေကတောင် သူတို့နှစ်ယောက်က အရမ်းချစ်ကြပါလားလို့ ခံစားရတယ်၊ နင်တို့နှစ်ယောက်က အရမ်းချစ်ကြပုံပဲ ဆိုတဲ့စကားကို မကြာခဏကြားခဲ့ဖူးတယ်။

(၇) တစ်ယောက်တည်းအပြင်သွားလို့ စုံတွဲတွေမြင်တာနဲ့သူ့ကို တန်းပြီးသတိရတတ်တယ်၊ ပျော်စရာ၊ ဝမ်းနည်းစရာ ကိစ္စတစ်ခုခုကြုံရတာနဲ့သူ့ကိုပဲ အရင်ဆုံးသတိရတယ်၊ ပြောပြချင်နေတတ်တယ်။

Credit:Aunty May