တနင်္ဂနွေ သားသမီးလေးတွေရဲ့မိမိချစ်သူအပေါ်မှာပြုလုပ်လေ့ရှိတဲ့အကျင့်စရိုက်လေးတွေ

ချစ်သူအပေါ် အနိုင်ယူလိုတဲ့စိတ် ရှိတယ်။ ကိုယ့်ချစ်သူကို ကိုယ့်ရဲ့ အလိုကျအတိုင်း ဖြစ်စေချင်တဲ့သူမျိုး။ အရမ်းလည်း ချစ်တတ်ကြတယ်။

တနင်္ဂနွေ သားသမီးတွေက အရမ်းကြီး မထူးဆန်းပေမယ့် အခြားလူတွေနဲ့ ကွဲပြားတဲ့စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေပါ။ ဒါကြောင့် သူတို့ဟာ အခြားလူတွေနဲ့ ကွဲပြားနေတတ်ကြပါတယ်။

တနင်္ဂနွေ သားသမီးတွေဟာ စာဖတ် ဝါသနာပါကြတယ်။ ဗဟုသုတကို လိုက်စားတယ်။ အအိပ်မက်တယ်။ အစားမကြီးဘူး။

ဒါပေမဲ့ ခဏ ခဏ စားနေတတ်တာမျိုး၊ ဒေါသကြီးပေမဲ့ ကောက်ရိုးမီးလိုမျိုး။ ခဏပဲ ပြီးရင် သူမဟုတ်သလိုမျိုး၊ စိတ်ဆိုး စိတ်ကောက် လွယ်တယ်။

ဒါပေမဲ့ စိတ်ပြေလွယ်တယ်။ ဒါကြောင့်မို့ သူတို့ဟာ ချစ်စရာ ကောင်းနေတတ်ကြပြန်ရော။

ချစ်သူအပေါ် အနိုင်ယူလိုတဲ့စိတ် ရှိတယ်။ ကိုယ့်ချစ်သူကို ကိုယ့်ရဲ့ အလိုကျအတိုင်း ဖြစ်စေချင်တဲ့သူမျိုး။ အရမ်းလည်း ချစ်တတ်ကြတယ်။

အချစ်ကြီးပြီး အချစ် အတွက်ဆို တဇွတ်ထိုးနိုင်တဲ့ သူတွေပါ။ ဒါ့ကြောင် အချစ်ရေးမှာ ကံညံ့တယ်လို့ နည်းနည်းပြောရမယ်။ ဦးဆောင်လိုစိတ် ပြင်းပြတယ်။

နေရာတကာ ဆရာကြီးလုပ်တဲ့သူမျိုး မဟုတ်ပေမဲ့ ဦးဆောင်နိုင်တဲ့အရည်အချင်း အပြည့်အဝ ရှိသူတွေပါ။ မိသားစုကိုလည်း ချစ်တတ်ကြတယ်။

အပေါင်းအသင်း မက်တယ်။ ဘယ်နေရာမှာဖြစ်ဖြစ် သူတို့က ဦးစားပေး နံပါတ် တစ် ဖြစ်ချင်တဲ့ သူမျိုးတွေပါ။ သူငယ်ချင်းတွေ အပေါ် အမြဲ အနစ်နာခံတတ်တယ်။

ခံစားရတာတွေကိုလည်း မျိုသိပ်ထားတတ်ကြတယ်။ ဒါကြောင့် အများရှေ့မှာ ပြုံးပျော်နေပေမဲ့ ကွယ်ရာမှာ တိတ်တိတ်လေး ကျိတ်ပြီး ခံစားတဲ့သူမျိုးတွေပါ။

အထူးအခြားဆုံးအချက်က တနင်္ဂနွေ သားသမီးတွေက အစွဲအလမ်း ကြီးလွန်းတာပါပဲ။

Credit