အချစ်စစ်ကို ရှာဖွေတွေ့ရှိသွားရင် သင်ဒီလိုခံစားရမှာပါ

အချစ်ကို ခံစားရတဲ့သူတိုင်းကဗျာရေးတတ်လာတယ်လို့ဆိုကြတယ်။တကယ်တော့ ကဗျာတင်မဟုတ်ပါဘူး နှလုံးသားက ပူးနွေးလှုပ်ရှားလာပြီး ခံစားတတ်လာတဲ့အခါ သိမြင်ခံစားရတဲ့အရာအားလုံးဟာ ဝတ္ထု၊ ကဗျာ၊ သီချင်း စသဖြင့်ပုံစံအမျိုးမျိုးနဲ့ ပွင့်အန်ထွက်လာကြတယ်။

အဲဒီလိုဖြစ်လာတာဟာ အချစ်ကိုရှာဖွေတွေ့ရှိပြီ၊ ဖူးစာရှင်ကိုတွေ့ပြီဆိုတဲ့လက္ခဏာတွေပါပဲ။ တခါတလေ အဲဒီထက်ပိုတဲ့ခံစားချက်တွေတောင်ဖြစ်လာရပါတယ်။ ပရိသတ်ကြီးအနေနဲ့အခုဖော်ပြပေး မယ့်အချက်တွေကို ကိုယ်တိုင်ခံစားနေရပြီဆိုရင်တော့ ကိုယ့်ရဲ့ဖူးစာရှင်ကိုတွေ့ပြီလို့ဆိုနိုင်ပါတယ်။

(၁)တစ်ယောက်တည်းရှိချိန်ဆိုပြုံးမိတယ်

စိတ်ထဲမှာ အလိုလိုပျော်နေတဲ့ခံစားချက်က တကယ့်ကို မူးမူးမေ့မေ့ပါပဲ။သူ့အကြောင်းတွေးလိုက်ရင် သူ့ဆီကမက်ဆေ့ဝင် လာတာ၊ ဖုန်းဆက်လာရင် စိတ်ထဲမှာအလိုလိုပျော်နေတယ်။

သူ့ဆီက ဖုန်းလာတာနဲ့ ကိုယ့်ကိုယ်ကိုယ်သတိမထား မိလောက်အောင် အလိုလိုပျော်နေတာ တခြားသူတွေအမြင်မှာတော့ ကိုယ်ကအထူးအဆန်းသဖွယ် ကြည့်ခံရလောက်တဲ့ အထိပါပဲ။

(၂)ဘယ်တုန်းကမှမလုပ်ဖူးခဲ့တဲ့အရာတွေလုပ်ဖြစ်လာမယ်

ဆိုလိုတာကတော့ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်ဆိုတဲ့ စကားထဲက ကြိုက်မရှက်ဆိုတဲ့အတိုင်း အရင်က ကိုယ်က ပတ်ဝန်းကျင်ကို ဘာသိဘာသာသဘောထားခဲ့သလောက် အခုတော့ သူနဲ့တွေ့တဲ့အခါသူနဲ့ပတ်သက်တဲ့အကြောင်းအရာ၊ သူဝါသနာပါတဲ့အရာ၊သူသွားတတ်တဲ့နေရာလေးတွေကို သိချင်လာတယ်၊

ကိုယ်တိုင်စုံစမ်းမယ်၊သူငယ်ချင်းတွေကို အကူ အညီတောင်းပြီးစုံစမ်းခိုင်းမယ် ကိုယ်တိုင်ဒီလိုတွေလုပ်မိနေတယ်ဆိုရင်တော့ သေချာပြီသူ့ကို ထာဝရ ဖူးစာရှင်အဖြစ် သဘောထားနေပြီ။

(၃)သူနဲ့ပတ်သက်တဲ့ relationshipတိုင်းနဲ့အဆင်ပြေတယ်

သင့်ဖူးစာရှင်နဲ့တွေ့ပြီဆိုတာသိနိုင်တဲ့အချက်တွေထဲမှာ သူ့ကိုချစ်တဲ့အချစ်တွေအပြင်သင့်ကိုအရာရာကိုအကောင်း ဆုံး ဖြစ်အောင်စွမ်းဆောင်နိုင်စေတဲ့အချက်လည်းပါဝင်ပါတယ်။အထူးသဖြင့် သူနဲ့ပတ်သက်နေတဲ့ ပတ်ဝန်းကျင်အသိုင်း အဝိုင်း၊relationshipတိုင်းနဲ့အကောင်းဆုံးဆက်ဆံရေးဖြစ်အောင်တည်ဆောင်လာနိုင်မယ်။

သင်ချစ်ရတဲ့သူနဲ့ တွေ့တဲ့အချိန်တိုင်း မှာလည်း အရင်ကထက်ပိုပြီးချစ်သူခင်သူတွေနဲ့ရှိနေချိန်တိုင်းကို တန်ဖိုးထားတတ်လာမယ်။ဆိုလိုတာက သင်ချစ်ရ တဲ့သူကြောင့် တခြားသူတွေနဲ့သင့်ရဲ့ဆက်ဆံရေးကိုပိုမိုကောင်းမွန်လာအောင်တည်ဆောက်လာနိုင်မယ်ဆိုတာပါပဲ။

(၄)ပြဿနာတွေကိုအကောင်းဆုံးဖြေရှင်းနိုင်မယ်

ဖူးစာရှင် ဒါမှမဟုတ် အချစ်စစ်နဲ့တွေ့ပြီးနောက်ပိုင်းမှာသင့်အတွက်အရာရာပြည့်စုံနေပြီဆိုတာမျိုးခံစားလာစေမှာပါ။ကိုယ့် ကိုယ်ကိုယ်ပိုပြီး ကြံ့ခိုင်လာသလို၊ပိုပြီးယုံကြည်မှုရှိလာတယ်လို့လည်းခံစားရမှာပါ။

အဲ့ဒီအခါပြဿနာတစ်ခုခုကြုံတိုင်းအရင် က ယောက်ယက်ခတ် တုန်လှုပ်ခဲ့ပေမယ့် အခုတော့ အကောင်းဆုံးနည်းလမ်းတွေနဲ့ဖြေရှင်းလာနိုင်သလိုမဖြေရှင်းနိုင် ဘူးဆိုရင်တောင် ရင်ဆိုင်ဖို့ခွန်အားတွေအပြည့်ရှိနေမှာပါ။

မိဘ၊မိတ်ဆွေသူငယ်ချင်း၊ ကလေးတွေအပေါ် အရင်တုန်းက လျစ်လျူရှုခဲ့၊ ချစ်ခင်ရမှန်းမသိခဲ့တာတွေ၊အားနည်းသူကိုကူညီဖေးမရကောင်းမှန်းမသိခဲ့တာတွေကို ပြုပြင်လာနိုင်မယ်။

Credit:(Auntymay)