ရေစကြိုက ညီအမနှစ်ဦး နဲ့ ကားဝပ်ရှော့ ဆရာတို့ရဲ့ ကူညီတတ်တဲ့ စိတ်ထားကြောင့် အွန်လိုင်းမှာ နာမည်ကြီးနေ

ရိုင်းပင် ကူညီစိတ်ဓာတ်ရှိသောရေစကြို မြို့ မှ ညီအစ်မ နှစ်ယောက် နှင့်စက်ဆရာ ကိုရန်လင်းအောင် တို့၏ မွန်မြတ်သောစေတနာအားမှတ်တမ်းတင်းဂုဏ်ပြုအပ်ပါသည်။

မုံ ရွာမြို့ မှ ပုဂံ သို့ ပြန်လာ စဉ် ရေစကြိုမြို့ အဝင် အနီးအရောက်တွင် ကားစီယာတိုင်မှာ ဘယ် -ညာ ရမ်းနေသဖြင့် ကားအားခဏရပ်ပြီး အောက်သို့ဆင်းကြည့်ရာ – တော့ရှင်း – ကျိုးနေသည်ကိုတွေ့ရှိရသဖြင့် မည်သို့ဆက်လုပ်ရမည်ကိုစဉ်းစာနေစဉ်အတွင် (အမည်မသိ) အမျိုးသမီး ညီအစ်အမဟုသိရ

ထိုအမျိုးသမီး ညီအစ်မနှစ်ယောက်မှရောက်ရှိ လာ၍အကို ကားကဘာဖြစ်လို့လဲ ဘာအကူညီပေးရမလဲဟု မေးမြန်ရာ –

ကျွန်တော်မှထိုအမျိုးသမီးအား အကျိုးကြောင်းပြောရာ-အမျိုးသမီး နှစ်ဦး မှ ဒါဆို ကျွန်မတို့ကားဝပ်ရှော့ဆရာ သွားခေါ်ပေးပါမည်ခဏစောင့်ပါဟုပြောဆို၍ဆိုင်ကယ်ဖြင့် ထွက်သွားရာ

များမကြာမှီ ဝပ်ရှော့ဆရာပါရှိလာပြီး ကားအောက်ပိုင်းသိုဝင်ကြည့်ရာ စက်ဆရာမှ အဆင်ပြေပါတယ် အမြန်ဆုံးလုပ်ပေးပါမည်ဟုပြောဆိုနေစဉ်အတွင်း ကျိုးနေသော#တော့ရှင်း#အားဝင်ဖြုတ်ပြီး ခဏစောင့်ပေးပါ

ဂဟေ သွားဆော် လိုက်ပါအုံးမည် ဟု စက်ဆရာ မှ ထွက်သွားပြီး အချိန်မကြားခင် ကျိုးနေသောပစ္စည်းအားဂဟေ ဆော်ပြီးပြန်လာတတ်ပေးခဲ့ပါသည်

အားလုံးပြီးသည့်နှင့် အကိုစက်ဆရာဘယ်လောက်ကြပါသလဲဟု မေးမြန်ရာထိုစက်ဆရာမှ – ကျွန်တော်တို့က ခရီးသွားဧည့်ကားများအား လိုက်ပါကူညီပေးလျှက်ရှိပါသည် –

ဤမြို့နယ်အနီးတစ်ဝိုက် ကားများစက်တစ်ခုခုချွတ်ယွင်းပါက ကျွန်တော်ထံ ဆက်သွယ်၍ အကူညီတောင်းခံနိုင်ပါသည်ဟု ပြောဆိုပါသည်။

ယခုလို ရေစကြိုမြို့နယ် အတွင်းက ကားဝပ်ရှော့ဆရာ – ကိုရန်လင်းအောင်နှင့် (အမည်မသိခဲ့) အမျိုးသမီးညီအစ်မနှစ်ယောက်သည် ခရီးသွားဧည့်ကားများအားမွန်မြတ်သောစေတနာအရင်းခံဖြင့်လိုက်ပါကူညီဆောင်ရွက်ပေးမှုကိုတွေ့ရှိရပါသဖြင့် – ရေစကြိုမြို့ မှ ကားဝပ်ရှော့ဆရာ – ကိုရန်လင်းအောင် နှင့် (အမည်မသိခဲ့) အမျိုးသမီးညီအစ်မနှစ်ယောက် တို့အား ကျေးဇူးဥပကာရအထူးတင်ရှိအပ်ပါကြောင်း မှတ်တမ်းဂုဏ်ပြုလိုက်ရပါသည်။