ဒေးဗစ်လားအမှုသက်သေ အဆိုတော် မျိုးကြီးကို စစ်ဆေး

သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ တရားစွဲခံထားရတဲ့ ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ကို မရမ်းကုန်းမြို့နယ် တရားရုံးမှာ ၇ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဇွန်လ ၂၃ ရက်နေ့က မရမ်းကုန်းမြို့နယ်တရားရုံးမှာ တရားလိုပြသက်သေ အဆိုတော် မျိုးကြီးနဲ့ အမှုစစ် ဒုရဲမှူးစိုးနိုင်တို့ကို စစ်ဆေးခဲ့ပြီး တရားလိုပြတစ်ဦးကိုတော့ ပယ်ချခဲ့ပါတယ်။

ဒေးဗစ်လားအမှု အမှန်အတိုင်းဖြစ်စေ …

လာမယ့်ဇွန်လ ၃၀ ရက်နေ့မှာတော့ နှစ်ဖက် လျှောက်လဲချက်ပေးသွားမှာလည်း ဖြစ်ပါတယ်။ ဒီအမှုအတွက် တရားလိုအပါအဝင် လိုပြသက်သေ ၁၄ ဦးအနက် ၂ ဦး ပယ်ချခံခဲ့ရပါတယ်။

အဆိုတော်မျိုးကြီးမှာ Covid-19 Positive …

ဒီဗြီဘီ