အချစ်ရေး ကံမကောင်းတဲ့သူတွေသာ ကြုံနေရတတ်တဲ့ အခြေအနေများ

အချစ်ဆိုတာ ဘာလဲ သေချာ မသိကြရင်တောင်မှ လူတွေက အချစ်ကို ခံစားတတ်ကြပါတယ်။ အချစ်ရေး ကံကောင်းသူတွေအဖို့ အဆင်ပြေတဲ့ ချစ်သူတွေ ကြုံရသလို လိမ်ညာတဲ့ချစ်သူတွေနဲ့လည်း မကြုံရတတ်ပါဘူး။ အချစ်ရေး ကံမကောင်းသူတွေကတော့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒီလိုအခြေအနေတွေသာ ကြုံနေရပါတယ်။

(၁) တစ်ဖက်သတ် အချစ်

အချစ်ကံခေတဲ့သူတွေ အမြဲ ကြုံရတာက ကိုယ်ပဲ ခံစားမိနေတာမျိုးပါ။ ကိုယ်က တစ်စုံတစ်ယောက်ကို ချစ်မိပေမယ့် တစ်ဖက်သတ် ချစ်ရတဲ့သူ ဖြစ်ပြီး ဖွင့်ပြောလို့ အခြေအနေ ပြောင်းသွားမှာ စိုးရိမ်ကြရပါတယ်။ ဒီလို မဟုတ်ရင်တောင် တစ်ဖက်သတ်ချစ်ရတဲ့သူမှာ ချစ်တဲ့သူရှိနေတာမျိုးကို ကြုံနေရတတ်ပါတယ်။

(၂) ကိုယ်ကပဲ ချစ်တဲ့ ချစ်သူ

အချစ်ရေး ကံမကောင်းတဲ့သူတွေက ချစ်သူရသွားခဲ့ရင်တောင် ကိုယ့်ကို တကယ် မချစ်ပဲ လာတွဲတဲ့သူတွေနဲ့ပဲ ဆုံရတတ်ပါတယ်။ ချစ်သူသာ ဖြစ်သွားပေမယ့် ကိုယ်ကပဲ ချစ်ရပြီး ကိုယ့်ကို ချစ်မနေဘဲ အပျော်လာတွဲသူမျိုးနဲ့ပဲ ကြုံရတတ်တာက အချစ်ကံခေသူမို့ပဲ ဖြစ်ပါတယ်။

(၃) လှည့်ဖြားသူတွေနဲ့ ဆုံမယ်

နောက်တစ်မျိုးကတော့ သင့်ကို လှည့်စားသူတွေနဲ့ ကြုံရတာမျိုးပါ။ သင်ကလည်း ချစ်တယ် သင့်ကိုလည်း သဲသဲလှုပ် ချစ်တယ်လို့ သင် ခံစားနေရမှာ ဖြစ်ပြီး တကယ်တမ်း လိုချင်တဲ့အရာကြောင့် သင့်ကို လက်ခံသူတွေနဲ့ ကြုံရတာ ဖြစ်ပါတယ်။ ချစ်သူထားကြည့်ချင်လို့ တွဲတာမျိုး၊ သင်နဲ့ လိင်မှုကိစ္စ လိုချင်လို့ တွဲတာမျိုးအပြင် ရုပ်ရည်ကြောင့် ငွေကြောင့် လာတွဲသူတွေနဲ့ပဲ ကံမကောင်းစွာ ဆုံရမှာ ဖြစ်ပါတယ်။

(၄) အသည်းခဏခဏ ကွဲမယ်

အချစ်ကံခေကြောင်း သိသာစေတဲ့ အချက် တစ်ချက်ကတော့ မကြာခဏ အသည်းကွဲရတာပဲ ဖြစ်ပါတယ်။ ကိုယ်ကတော့ ချစ်မိပေမယ့် အကြောင်းအမျိုးနဲ့ လှည့်စားသူတွေ၊ ထားရစ်ခဲ့သူတွေနဲ့ ကြုံရတာမျိုးက တကယ် ဝမ်းနည်းစရာပါပဲ။

(၅) သစ္စာဖောက် ခံရမယ်

အချစ်ရေး ကံမကောင်းတဲ့သူတွေက ကိုယ့်ကို ချစ်တဲ့သူနဲ့ ဆုံရရင်တောင် အချစ်ကို ကြာကြာ မခံစားရတတ်ပါဘူး။ ကိုယ်နဲ့ ချစ်နေတဲ့ ကာလမှာပဲ အချစ်သစ်ကို တွေ့သွားကြပြီး ကိုယ့်ကို စွန့်ပစ်သွားတာမျိုးကို ရင်ဆိုင်ကြရတတ်ပါတယ်။

Kham