စေတီတော် ရောင်ကြည်တော်ကွန့်မြူးနေတဲ့ ဗီဒီယိုဖိုင်ပါ အများ ဖူးမြော်နိုင်အောင် မျှဝေပေးလိုက်ပါတယ်

ကျောက်ဖြူမြို့နယ် ကျောက်ပြောက်အုပ်စု ဝမျှောင်ဘုန်းတော်ကြီး ကျောင်းအတွင်း တည်ထားသော စေတီတော်၌ ရောင်ခြည်တော် ( ဓာတ်တော် )ကွန့်မြူးနေပုံ

မြတ်စွာဘုရားသခင်သည် ဘုရားဖြစ်တော်မူပြီးနောက် ရတနာဃရသို့ ရောက် တော်မူပြီး၍ အဘိဓမ္မာ ခုနစ်ကျမ်းတွင် အနန္တနယဖြစ်သော သမန္တပဋ္ဌာန်းကျမ်းကို သုံးသပ်တော်မူသည့် အခါ နီလ၊ ပီတ၊ လောဟိတ၊ ဩဒါတ၊ ပ ဉ္ဇိဋ္ဌ၊ ပဘဿရဟု ဆိုအပ်သော အညို၊ အရွှေ၊ အနီ၊ အဖြူ၊ အမောင်း၊ ပြိုးပြိုး ပြက် တခဲနက်သော ရောင်ခြည်တော် ခြောက်သွယ်တို့သည် ထွက်ကုန်၏။

ညိုသောရောင်ခြည်တော်တို့သည် ဆံတော် မွေးည|င်းတော် မုတ်ဆိတ်တော် မျက်တောင်တော် ဟုဆိုအပ်သော ညိုမှိုင်းရာ စိမ်းပြာမှောင်သင့်သော အရပ်တို့မှ ထွက်ကုန်၏။

ရွှေသော ရောင်ခြည်တော်တို့သည်ကား နဖူးတော်ဖျားမှ သည် ဖဝါးတော် အဆုံးတော်တိုင်အောင် အလုံးစုံ ဟုဆိုအပ် သော ကိုယ်တော်၏အရေတော်၊ မျက်လုံးမျက်လွှာ မျက်နှာ တော်မှစ၍ ရွှေသင့်ဝါသင့် တောက်ထွန်းသော အရပ်တို့မှ ထွက်ကုန်၏။

နီသော ရောင်ခြည်တော်တို့သည်ကား အသွေးအသား လက်ဖဝါး ခြေဖဝါးတော်၊ ခြေသည်း လက်သည်းတော်၊ မျက်စိမျက်လွှာလျှာတော်၊ ခံတွင်းနှုတ်ဖျား သွားဖုံး အာစပ် နီအပ်သမျှသော အရပ်တို့မှ ထွက်ကုန်၏။

ဖြူသော ရောင်ခြည်တော်တို့သည်ကား အရိုးတော် သွား တော် စွယ်တော် မျက်လုံးတော်စွန်းတို့မှစ၍ ဖြူသင့်သောအရပ် တို့မှ ထွက်ကုန်၏။

မောင်းသော ပြိုးပြိုးပြက်သော ရောင်ခြည်တော်တို့သည် ကား တစ်ရာ့ရှစ်ကွက် စက်မြတ်ရတနာတည်ရာ ဖဝါးတော် အပြင်မှစ၍ အထက်ဆံဖျားတိုင်အောင် ကိုယ်တော်အလုံးမှ ထွက်ကုန်၏။

ဤသို့ ထွက်ပေါ်သော ရောင်ခြည်တော် ခြောက်သွယ်တို့ သည် နှစ်သိန်းလေးသောင်းအထုရှိသော ပထဝီမြေကြီးနှင့်တကွ မြေကို ခံသော ယူဇနာလေးသိန်းရှစ်သောင်းအထုရှိသော ရေကို ၎င်း၊ ထိုရေကိုခံသော ယူဇနာကိုးသိန်းခြောက်သောင်း အထုရှိ သော လေကို၎င်း ဖောက်ထွင်း၍ အောက်အဇဋာကာသ ကောင်းကင်ပြင်သို့ ပြေး၏။ အထက်သို့လည်း နတ်ပြည်ခြောက် ထပ်၊ ဗြဟ္မာ ၂ဝ ကို လွန်၍ အဇဋာကာသ ကောင်းကင်တိုင် ပြေးလေ၏။

ရှေ့နောက် လက်ဝဲ လက်ယာ ဖီလာအားဖြင့် အဆုံးမရှိသော အနန္တလောကဓာတ်စကြဝဠာ အရပ်သို့လည်း ပြေးလေကုန်၏။ နေရောင်လရောင် နတ်ဗြဟ္မာတို့၏ကိုယ်ရောင် စသော အရောင်တကာတို့ကို ဖုံးလွှမ်းပျောက်ပေ၏။ လက္ခဏာရောင်ခြည်တော်၊ အသီတိနိစ္စလဋ္ဌိတိ ရောင်ခြည် တော်၊ အနန္တ ဒိသာဖရဏရော်ခြည်တော်ဟူ၍ သုံးပါးပြားသည် တွင် ထိုဆိုအပ်ခဲ့ပြီးသော ရောင်ခြည်တော်တို့သည် အနန္တ ဒိသာဖရဏ ရောင်ခြည်တော် မည်ကုန်၏။ လက္ခဏာရောင်ခြည်တော်ကား ဖွားတော်မူစဉ် ရွှေအဆင်း နှင့်တူသော ကိုယ်တော်ဖြစ်၍ ထက်ဝန်းကျင် တစ်လံမျှလောက် တောက်ပလျက်တည်သော ရောင်ခြည်တော်တည်း။

အသီတိနိစ္စလဋ္ဌိတိ ရောင်ခြည်တော်ကား တန်ခိုးတော်ဖြင့် မဖန်ဆင်းမူ၍ ပကတိ နေ့ညဉ့်မပြတ် အတောင် ၈ဝ မျှသော အရပ်၌ တည်သော ရောင်ခြည်တော်တည်း။ အနန္တ ဒိသာဖရဏ ရောင်ခြည်တော်မှာ အလိုတော်ရှိက အဆုံးမရှိသော အရပ်သို့ပင် နှံ့၍ အထက်ဆိုခဲ့သည့်နည်း အတိုင်း အောက်အဇဋာကာသ၊ အထက် အဇဋာကာသ၊ အနန္တ စကြဝဠာ ဖီလာထုတ်ချင်း အကြွင်းမရှိ ထွန်းလင်းနိုင်သော ရောင်ခြည်တော်တည်း

Credit