မှတ်ပုံမတင်ရသေးတဲ့ ဆင်းမ်ကတ်တွေကို စတင်ပိတ်ပါတော့မည်

မှတ်ပုံမတင်ရသေးတဲ့ ဆင်းမ်ကတ်တွေကို စတင်ပိတ်တော့မယ်လို့ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးက မီဒီယာတွေမှတဆင့် ပရိသတ်ကြီးများကို အသိပေးလိုက်ပါပြီ..။

မိမိတို့လက်ရှိအသုံးပြုနေတဲ့ ဆင်းမ်ကတ်တွေဟာ မှတ်ပုံတင်ထားခြင်းရှိလား မရှိဘူးလားဆိုတာကို ဆန်းစစ်ကြဖို့လိုပါတယ်..။

မှတ်ပုံမတင်ရသေးဘူးဆိုရင် မိမိကိုယ်တိုင်ဖြစ်စေ ၊ နားမလည်ခဲ့ရင်လည်း ဖုန်းဆိုင်တွေမှာဖြစ်စေ အခမဲ့ မှတ်ပုံတင်ကြဖို့ တိုက်တွန်းထားပါတယ်..။

SIM Card တွေကို လာမည့် ၃၀-၆-၂၀၂၀ ရက်နေ့အပြီး မှတ်ပုံတင်ရမှာဖြစ်ပြီး အဲဒီရက်နောက်ပိုင်းမှာ မှတ်ပုံမတင်ထားရင် SIM Cardတွေကို ပိတ်သိမ်းသွားမှာဖြစ်ပါတယ်..။

ဒါကြောင့် မိမိဖုန်းဆင်းမ်ကတ်လေးတွေ အပိတ်မခံရဖို့ ကြိုတင်မှတ်ပုံတင်ကြဖို့အတွက် တိုက်တွန်းလိုက်ပါတယ်နော်..။

Source ; MOI Webportal Myanmar