သင့်ကောင်လေးသင့်ကိုတကယ်ချစ်မချစ် ဒီနှစ်ချက်နဲ့စမ်းကြည့်နိုင်တယ်

မိန်းကလေးတွေရဲ့သဘာဝက တကယ်ချစ်တယ်ဆိုတာ ချစ်သူကအမူအရာနဲ့ပဲဖြစ်ဖြစ်၊နှုတ်ကထုတ်ပြောတာပဲဖြစ်ဖြစ် သိသိသာသာဖော်ပြမှသဘောကျကျေနပ်တတ်ကြတယ်..။

မိန်းကလေးတွေကသူတို့ချစ်တဲ့သူအတွက်အရာရာရင်ဆိုင်ဖို့အ သင့်ဖြစ်နေတတ်သလို ချစ်သူရဲ့အနွံတာခံဂရုစိုက်တာကိုလည်း ခံချင်ကြတယ်။အရမ်းချစ်လာရင်အသေးစိတ်ကအစ အလေးအနက်ထားမိတော့..၊

တစ်ခုခုစိတ်ထဲမှာအလိုမကျရင် င့ါကိုတကယ်ချစ်တာဟုတ်ရဲ့လားဆိုဇဝေဇဝါနဲ့ စိတ်ပူတတ် ကြပြန်ပါတယ်။အခုတော့ ကိုယ့်ချစ်သူက ကိုယ့်ကိုယ်တကယ်ချစ်လားမချစ်ဘူးလားဆိုတာကိုဒီအချက်လေးတွေနဲ့စမ်း..၊

ကြည့်နိုင်တယ်။ဒါပေမယ့် တခါတလေမိန်းကလေးတွေကအရမ်းချစ်တတ်ပြီးဂရုစိုက်ခံချင်ကြပေမယ့် နှုတ်ကနေတတွတ် တွတ်ထုတ်မပြောဘဲ..၊

ရင်ထဲကနေမြတ်မြတ်နိုးနိုးချစ်တတ်တဲ့ယောက်ျားလေးတွေလည်းရှိတော့ဒီအချက်လေးတွေနဲ့ချင့် ချိန်ပြီး မှန်ကန်တဲ့ဆုံးဖြတ် ချက်ရွေးချယ်ဖို့တော့လိုပါတယ်..။

သူ့အတွက် လျှို့ဝှက်ချစ်သူလား..၊

သာမန်အားဖြင့် မိန်းကလေးတွေရဲ့သဘာဝက ပြိုင်ဆိုင်လိုစိတ်၊မနာလိုမရှုစိတ်များပြားကြတယ်လို့ဆိုကြပေ မယ့် ယောက်ျားလေးတွေလည်း အဲဒီသဘာဝရှိကြပါတယ်။အထူးသဖြင့်..၊

ကိုယ့်ချစ်သူရဲ့ဂရုစိုက်မှုကိုဘယ်လောက်ရရှိ တယ်၊ ဘယ်လောက်အချစ်ခံရတယ်၊ ကိုယ့်ချစ်သူက ပြိုင်စံရှားချောမောလှပနေတာစသဖြင့် သူငယ်ချင်းတွေရှေ့မှာ ပြိုင်ဆိုင်တယ်ဆိုတာထက်..၊

ဂုဏ်ယူမော်ကြွားချင်တတ်ကြပါတယ်။ ယောက်ျားတစ်ယောက်ဟာတကယ်ချစ်ပြီဆိုရင် သူချစ်တဲ့မိန်းမတစ်ယောက်အတွက် ဂုဏ်ယူတတ်ကြသလိုသူငယ်ချင်းအပေါင်းအသင်း၊မိတ်ဆွေတွေရှေ့မှာသူချစ်ရ တဲ့သူနဲ့..၊

ဂုဏ်ယူစွာရွှေလက်တွဲပြချင်ကြပါတယ်။ဒါ ငါ့ချစ်သူ၊ ငါ့ဇနီးဆိုပြီး စိတ်ထဲမှာ ကျေနပ်မှုအပြည့်နဲ့ မိတ်ဆက်ပေး တာမျိုးပေါ့။သင့်အမျိုးသားက တကယ်ချစ်မချစ်ဆိုတာ ဒီအချက်နဲ့ သိနိုင်တယ်။ချွင်းချက်အနေနဲ့တချို့..၊

အလိုက်မသိတတ် တဲ့ ယောက်ျားလေးတွေလည်းရှိတယ်ဆိုတာသတိရပါ..။

ပုံမှန်အားဖြင့် မိန်းမတစ်ယောက်အပေါ်လိုချင်တပ်မက်မှုမရှိတဲ့ယောက်ျားရယ်လို့ မရှိကြပါဘူး။ဒါပေမယ့် သင့်ကိုအဲဒီလို လိုချင်တပ်မက်တာအပြင် နေ့စဉ်ဘဝတွေမှာ သင့်ကိုဘယ်လောက်ထိအလိုရှိနေလဲ..၊

သင့်ရဲ့ဂရုစိုက်မှုကိုဘယ်လောက် တန်ဖိုးထားသလဲဆိုတာပါပဲ။ဥပမာ မနက်အိပ်ရာထချိန်သင်ဖျော်ပေးတဲ့ကော်ဖီကို သောက်ရမှသူ့ရဲ့မနက်ခင်းက ပြည့်စုံ သွားတာမျိုး။နောက်တစ်ခုက သင့်မိဘတွေနဲ့နေ့လည်စာ..၊

ဒါမှမဟုတ်ညစာစားဖို့ စိတ်ဝင်တစားရှိတာမျိုး ဒီအချက်တွေက မိန်းမတစ်ယောက်ကို တကယ်ချစ်တဲ့ယောက်ျားတစ်ယောက်ရဲ့ အလိုလိုဖြစ်ပေါ်တဲ့ချစ်ခင်ကြင်နာစိတ်လေးတွေပါပဲ..၊

ဒါပေမယ့် သင့်အနေနဲ့တစ်ခုသတိထားရမှာက ရုပ်ရှင်ထဲကရင်ခုန်ဖွယ်အချစ်ဇာတ်လမ်းတွေနဲ့တော့သင့်ရဲ့တကယ့် လက်တွေ့အချစ်ရေးက တူမှမဟုတ်ပါဘူး။အဓိကက ရှိပြီးသားrelationshipတစ်ခုကိုထာဝရခိုင်မြဲအောင် တည်ဆောက်နိုင်ဖို့ပါပဲ..၊

ခြူးသစ်နွယ်@ChoChoThan(Shwemom)