တကယ်ချစ်တဲ့ယောက်ျား နဲ့ ဟန်ဆောင်တတ်တဲ့ယောက်ျား ဘာတွေကွာလဲ ဖတ်ကြည့်ပါ မိန်းကလေးတွေ

တကယ်ချစ်တဲ့ယောက်ျား နဲ့ ဟန်ဆောင်တတ်တဲ့ယောက်ျား..၊

မိန်းခလေး တယောက်က သူ့ချစ်သူ ကောင်လေးနဲ့ 6 နှစ် အကြာ လက်တွဲ ခဲ့တယ် ။ ဒါပေမဲ့ ချစ်သူကောင်လေးက သူမကို လက်ထပ်ယူဖို့ စိတ်ကူး မရှိခဲ့ဘူး..။

အဲဒါကြောင့် ဒီ 6 နှစ် ကြာ အချစ်ဇာတ်လမ်း ကို သူမ ဖြတ်တောက်ပြစ်ဖို့ ရွေးချယ် လိုက်တယ် ။ သူမရဲ့ အခုလက်ရှိ လင်ယောကျ်ားကို အိမ်ထောင်ဖက် တွေ့တဲ့ အနေနဲ့ စတွေ့တဲ့ အချိန်တုန်းက သူမ အိမ်ထောင်ပြုချင်ပြီလို့ ပြောခဲ့တယ်..။

သူမရဲ့ ယောကျ်ားက တချက်ပြုံးသွားတယ် ။ အတူတူ ထမင်း စားခဲ့ကြပြီး ပျော်ရွှင်စွာ စကားတွေ ပြောခဲ့ကြတယ် ။နောက်တနေ့ သူတို့ ၂ ယောက်လုံး က အိမ်မှာ မိဘတွေကို ပြောလိုက် ကြတယ် ။ ၁ ပတ်လောက် ကြာတော့ သူတို့ စေ့စပ်ကြတယ်..။

၂ ပတ်လောက် ကြာပြီးနောက် သူတို့ လက်ထပ်သွားကြတယ် ။ အခု 4 နှစ် ရှိသွားခဲ့ပြီ ။ သူတို့မှာ ၃ နှစ် အရွယ် သားလေး တယောက်နဲ့ ပျော်ရွှင်စွာ အတူတူ နေထိုင်နေကြတယ် ။ အဲဒီ မိန်းခလေး ပြောခဲ့တယ်..။

လူတယောက်က နင့်ကိုချစ်တယ် .. မချစ်ဘူး ဆိုတာ အတူတူ တွဲခဲ့တဲ့ အချိန် ဘယ်လောက် ကြာခဲ့သလဲ ဆိုတာ မဟုတ်ပဲ သူက နင်ကို ကတိတခု ပေးနိုင်တာ ပါပဲ..၊

နောက်ပြန်လှည့်တာ ပြန် အဖက် ဆယ်တာတွေ ငါမသိဘူး ။ ငါသိတာက ငါ့ကို ချစ်တဲ့သူက ငါ့နားက ထွက်သွားမှာ မဟုတ်ဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ငါဝမ်းနည်းမယ် ဆိုတာ သူ သိနေလို့ပဲ..၊

အိပ်ချင်ယောင် ဆောင်သူကို နိုးရခက်တယ် ။ မချစ်တတ်တဲ့ သူ ကို ပြောရခက်တယ် ။ဒီလောကကြီးထဲမှာ မချစ်တဲ့ အကြောင်းပြချက်တွေ အများကြီးပဲ အလုပ်မအားတာ ၊ ပင်ပန်းတာ နင့်အတွက် ကောင်းစေချင်လို့ပါ ဆိုတာတွေပေါ့ ။ ချစ်တယ် ဆိုတာ ကျတော့ ဖော်ပြမှု တခုပဲ ရှိတယ် ။ အဲဒါက နင်နဲ့ အတူ နေချင်တယ် ။ နင့်ကို သာယာပျော်ရွှင်တဲ့ မိသားစုလေး ပေးချင်တယ်..။

မိန်းမတွေ ဗိုက်ဆာလောင် နေချိန်မှာ ဟန်ဆောင်တတ်တဲ့ ယောကျ်ားက ” နင်စားဖို့ တခုခု သွားဝယ်ပေးရမလား ” လို့ ပြောလိမ့်မယ် ။ တကယ်ချစ်တဲ့ ယောကျ်ားက ” လာ .. ထမင်းသွား စားကြမယ် ” ဆိုပြီး ပြောလိမ့်မယ်..။

မိန်းမတွေ မွေးနေ့ကို ရောက်ရင် ဟန်ဆောင်တတ်တဲ့ ယောကျ်ားက ” နင်ဘာကြိုက်လဲ ” လို့ မေးတတ်တယ် ။ တကယ် ချစ်တဲ့ ယောက်ျားက ” မိန်းမရှေ့မှာ လက်ဆောင် ချပေးပြီး ဒါ နင့်အတွက် လက်ဆောင် ” လို့ ပြောတတ် ကြတယ်..။

မိန်းမတွေ ခရီးသွားလို့ ပြန်လာရင် ဟန်ဆောင်တတ်တဲ့ ယောက်ျားက ” ကိုယ်လာကြိုရမလား ” လို့ ပြောတတ်ကြတယ် ။ တကယ်ချစ်တဲ့ ယောကျ်ားက ” ကားဂိတ်မှာ ကိုယ်စောင့်နေမယ် ” လို့ ပြောတယ် ။ လူတယောက် အတွက် တဘဝစာ မှန်ကန်တဲ့ ရွေးခြယ်မှုက အရေးကြီး ဆုံးပဲ..၊

သင့်ကို နွေးထွေးမှု မပေးနိုင်တဲ့ ယောကျ်ားတယောက် ဟာ သင့်ကို ပြသာနာတွေပဲ ဖန်တီးပေးနေ ပါလိမ့်မယ်..။