ဘယ်လောက်ချစ်ချစ် လက်ထပ်ဖို့ လုံးဝ လုံးဝ မရွေးချယ်သင့်တဲ့ လူ (၄) မျို

တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ နေရ ဆိုတဲ့ ခေတ်ကြီးက ကျန်ခဲ့ပါပြီ။ အချစ်တစ်မျက်နှာပဲ ကြည့်ပြီး တစ်ဘဝလုံး စိတ်မချမ်းမြေ့စေမယ့် အိမ်ထောင်ရေးကို ရမှာမျိုးက လက်တွေ့မှာ အဆင်ပြေမနေပါဘူး။ ဒါကြောင့် လက်မထပ်ခင်မှာ သေချာ စဉ်းစားသင့်တာပဲ ဖြစ်ပါတယ်။ လက်မထပ်ခင် စဉ်းစားတဲ့အချက်ထဲမှာ အခုလို လူမျိုးတွေဆိုရင် ပိုပြီးတောင် တွေးသင့်ပါတယ်နော်။

(၁) စိတ်ညစ်အောင် အမြဲလုပ်သူ

ဘဝတစ်ခု တည်ဆောက်တယ်ဆိုတာ ဆိုးတူကောင်းဘက် အတူ ဘဝကို ဖြတ်သန်းတာမျိုး ဖြစ်ပါတယ်။ ချစ်သူဘဝကတော့ အိမ်ထောင်သည်ဘဝမှာ ဘယ်လို ဖြစ်နိုင်တယ်ဆိုတာကို အကဲဖြတ်လို့ ရနိုင်ပါတယ်။ သင့်ကို အမြဲ စိတ်ညစ်အောင် စိုးရိမ်နေအောင် ပြုလုပ်တဲ့သူဆိုရင် သတိထားပြီး စဉ်းစားသင့်ပါတယ်။ အိမ်ထောင်ပြုပြီးလို့လည်း သင့်ကို ဂရုမစိုက် စိတ်မချမ်းသာစေတတ်သူဆိုရင် သင်ပဲ တစ်ဘဝလုံး စိတ်ညစ်ရမှာ ဖြစ်ပါတယ်။

(၂) လောင်းကစားမက်သူ

လောင်းကစားဆိုတာမျိုးက စွဲလမ်းတတ်တဲ့ အရာ ဖြစ်ပြီး ဘဝပျက်စေနိုင်ပါတယ်။ ဒါကြောင့် အကယ်၍ ကိုယ့်ချစ်သူက ရံဖန်ရံခါ လောင်းကစား လုပ်တာမျိုး မဟုတ်ဘဲ ရေရှည်စွဲလုပ်တယ်ဆိုရင် ဆွေးနွေးသင့်ပါတယ်။ တကယ်လို့ သူက လောင်းကစားဖြတ်ဖို့ မစဉ်းစားဘဲ အမြဲလိုလို လောင်းကစားလုပ်ပြီး ငွေကြေး မတည်မငြိမ် ဖြစ်နေရင်တော့ လက်ထပ်ဖို့အတွက် မတွေးသင့်ပါဘူး။ လောင်းကစားမက်လွန်းပြီး အိမ်အတွက် မကြည့်မိလောက်ဖြစ်လို့ စိတ်ဆင်းရဲတာမျိုးကို အမြဲ ခံစားနေရမှာပါနော်။

(၃) တစ်ကိုယ်ကောင်းဆန်လွန်းသူ

လင်နဲ့မယား လျှာနဲ့သွားဆိုသလို ရန်ဖြစ်တာတွေ ပြေလည်တာတွေ ရှိနိုင်တာကတော့ သဘာဝပါ။ ဒါပေမယ့်လည်း တစ်ကိုယ်ကောင်းဆန်တဲ့သူနဲ့သာ အိမ်ထောင်ကျသွားရင် အမြဲ တကျက်ကျက်လို ရန်ဖြစ်ရတတ်ပါတယ်။ မိသားစုလို မတွေးဘဲ ကိုယ့်ဖို့အရင်တွေးပြီးမှ မိသားစုကို သတိရတာမျိုးက သင့်ကို အမြဲ စိတ်အနှောင့်အယှက် ဖြစ်နေစေမှာ ဖြစ်သလို အခက်တွေ့စေတာမျိုးလည်း ကြုံရနိုင်ပါတယ်။

(၄) လိင်ကိစ္စ စိတ်ဝင်စားလွန်းသူ

လိင်စိတ်ဆန္ဒက လူတိုင်းမှာ ရှိကြပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီး လိင်စိတ်တပ်မက်မှု ပြင်းထန်ကြတယ်ဆိုပေမယ့် အမျိုးသားတွေက ဒီသဘာဝကို အသိစိတ်နဲ့ ဆင်ခြင်နေထိုင်ကြရတာပါ။ ဒါပေမယ့် တစ်ချို့သူတွေကတော့ ပုံမှန်ထက် လွန်ကဲစွာ လိင်စိတ်ဆန္ဒကို ခံစားလိုကြတာက အိမ်ထောင်ရေးဖောက်ပြန်မှုတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ချစ်သူဘဝမှာတည်းက အတင်းအကြပ်တောင်းဆိုမှုတွေနဲ့ မဖြည့်ဆည်းပေးရင် မကျေနပ်တာမျိုးတွေ ရှိနေရင်တော့ လက်ထပ်ဖို့ မတွေးတာ အကောင်းဆုံးပါပဲနော်။

အားလုံးပဲ သာယာချိုမြိန်တဲ့ အိမ်ထောင်ရေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။

Kham