လက်ဖဝါးမှာ Xပုံစံ သင်္ကေတလေးပါနေရင် သူ့ရဲ့အဓိပ္ပာယ်ကို သိထားဖို့လိုပြီ …

မင်းဟာ လက္ခဏာဗေဒင်ကို ဝါဿနာပါသူလား။ ကိုယ့်ရဲ့အနာဂတ်အကြောင်းကို သိရမယ်ဆိုရင် လူတိုင်းစိတ်ဝင်စားကြမှာပါ။ တစ်ချို့ဟောချက်တွေက မှန်တာတွေလည်းရှိသလို ၊ အချို့ဖြစ်မလာတဲ့ ကိစ္စလေးတွေလည်းရှိပါတယ်။ ယုံကြည်သူဖြစ်စေ ၊ မယုံကြည်သည်ဖြစ်စေ ဒီလို လက်ဖဝါးမှာပါတဲ့ X ပုံစံလေးရဲ့ အဓိပ္ပာယ်ကိုတော့ သိချင်သူများအတွက် မျှဝေပေးလိုက်ပါတယ်။

X ရဲ့အဓိပ္ပာယ်

ပထမဦးဆုံးအနေနဲ့ ပြောပြချင်တာကတော့ မင်းဟာ ပြိုက်ဘက်ကင်းတဲ့ လူတစ်ယောက်ဖြစ်တယ်။ အနာဂတ်မှာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မယ့် လက္ခဏာပါ။ ရုရှား STI တက္ကသိုလ်မှပညာရှင်များ လေ့လာချက်အရ လူတွေရဲ့လက္ခဏာဖွဲ့စည်းပုံဟာ ရှုပ်ထွေးပေမယ့် များသောအားဖြင့် ဒီလို Xပုံစံပါတဲ့ လူတွေဟာ ပြိုင်စံရှားဖြစ်သလို အထင်ကရလူတွေအဖြစ်လည်း မြင်တွေ့ရပါတယ်။ ဒီလူတွေဟာ စိတ်ဓာတ်မာကြောပြီး တိတ်တဆိတ် နေတတ်ကြပါတယ်။

ဒီလူတွေမှာ ကမ္ဘာကြီးကိုပြောင်းလဲနိုင်ဖို့ အင်အားတွေအများကြီးပါဝင်နေတာကို တွေ့ရတယ်။ သူတို့ဟာသေသွားရင်တောင် နာမည်တွင်ကျန်ခဲ့မယ့် လူတွေဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေလဲအမြဲတမ်း စောင့်ကြည့်လေ့လာနေတတ်ပြီး တစ်ဖက်သားက လွယ်လွယ်နဲ့လာလိမ်တာမျိုးဆိုလည်း သိနှင့်နေတတ်ပါတယ်။

ဆဌမအာရုံသိပ်ကောင်းပြီး အနီးမှာ အန္တရာယ်တစ်ခုခုဖြစ်တော့မယ်ဆိုရင်လည်း ကြိုတင်သိနေနိုင်တယ်။ အမှန်ကတော့ ပတ်ဝန်းကျင်ကို လေ့လာအားစိုက်မှုများတာပါ။ ကိုယ့်ဘဝကိုယ် မြှင့်တင်နေနိုင်သူတွေဖြစ်ပြီး အနားရှိလူတွေကိုလည်း လက်တွဲကြိုဆိုပြီး ပညာတွေပြန်လည် မျှဝေပေးနိုင်စွမ်းရှိတယ်။

ပြောပါဦး…စာဖတ်သူများဆီမှာရော ဒီလို X ပုံစံပါနေရဲ့လား ။ ရှိနေတယ်ဆိုရင်တော့ မင်းဟာ ကံကောင်းတဲ့လူတစ်ယောက်ပါ.. ဆိုတော့ ဂုဏ်ယူလိုက်ပါနော်..