သင့်ကို အသက်နဲ့အမျှချစ်တဲ့ ယောကျာ်း တို့ရဲ လက္ခဏာ (၅) မျိုး

သင့်ကို အသက်နဲ့အမျှချစ်တဲ့ ယောကျာ်းဆိုတာ ဒီလိုလက္ခဏာ (၅) မျိုး ရှိကိုရှိပါတယ် …

အချစ်ဆိုတာ နှလုံးသားချင်း ဆက်နွယ်နေမှ ဖြစ် ပေါ်လာတဲ့အရာတစ်ခုပါ၊ အချစ်ကံကောင် းတဲ့ မိန်းကလေးတွေကတော့ ဒီလိုယောကျာ်းမျိုးကို ပိုင်ဆိုင်ထားရမှာပါနော်..။ သင်ရော ပိုင်ဆိုင် ထားရပြီးလား ။
ပိုင်ဆိုင်ထားရပြီးဆို အရင်ကထက် ပိုလိမ္မာပါတော့နော်….

(၁) သင့်ကို နားလည်မှုအပြည့်ပေးထားတယ် ”

သင့်ကို ဘယ်လောက်တောင် ချစ်တယ်ဆိုရင် သင့်ကို ချုပ်ချယ် ထားတာမျိုး မရှိဘဲ သင့်ကို စိတ်ချမ်းသာအောင် အမြဲ နားလည်မှု ပေးထားသူ တစ်ယောက်ပါ။

မကောင်းတာ ဆိုရင်တော့ ဆိုးဆုံးမ တတ်တာက လွဲရင် သင့်ကို အမြဲ လွတ်လပ်စွာ နားလည်မှု အပြည့်နဲ့ နေခိုင်းတယ်။

သူငယ်ချင်းတွေနဲ့ အပြင်သွား မယ်ဆိုရင်လည်း သူ့ကိုယ်တိုင် လိုက်ပို့ပေး တာမျိုး ဖြစ်ဖြစ် လုပ်ပေး တယ် ။ သင့်ပျော်နေတာ မြင်ရရင် သူ့စိတ်ထဲ လည်း ပျော်နေတတ် တာမျိုးပေါ့ …။

(၂) သင့်ကို အမြဲဂရုစိုက်တယ် ”

သင့်ကို အသက်နဲ့ အမျှ ချစ်တဲ့ ယောကျာ်းဆိုတာ သင့်ရဲ့ အရာအားလုံး အသေးအမွှေားလေးတွေ ကစ ဂရုစိုက်ေ နတတ်သူပါ။

တကယ်လို့ သင်နေမကောင်းခဲ့ရ င်တောင် အဖေတစ်ယောက်လ ို ၊ အစ်ကိုကြီး တစ်ယောက် ဆေးသောက်ဖို့ ၊ အစားပုံမှန်စားဖို့ ကို တဖွဖွ မှာပြီး ဂရုစိုက် နေတတ် တယ် ။

သင်နေမကောင်း ဖြစ်ရင် အပြစ်ရှိတယ်လို့ ခံယူ နေသူပါ။ သင်အားငယ် နေချိန် သင့်အနားမှာ ဖေးမ ကူညီ တတ်ပြီး သင်ဝမ်းနည်းရင် သူ့စိတ်ထဲလည်း မကောင်း ဖြစ်နေ တတ်ပါတယ် …။

(၃) သင်ဟာသူ့ရဲ့ ဘဝပါ ”

သူ့အလုပ်တွေ ဘယ်လောက်ပဲ ပင်ပန်း နေပါစေ ၊ အလုပ်တွေ ဘယ်လောက်ပဲ ရှုပ်နေပါစေ သင်နဲ့ တွေ့ရရင် ပင်ပန်းတာတွေ ပျောက်သွားတယ်။

သင့်အတွက်ဆို ညည ်းနေရတာ မျိုးမရှိဘဲ သင့်စိတ်ကြိုက် ဖြစ်အောင် အမြဲနေပေး တတ်တယ် ။ အလုပ်ဆိုတာ ကလည်း သင့်ကို ချမ်းချမ်းသာသာ ထားစေချင်တဲ့ ရည်ရွယ်ချက်ကြောင့်

လုပ်နေ ရသလို သူ့အနာဂတ် တစ်ခုလုံးက သင်နဲ့ပဲ ဖြစ်နေ မှာပါ …။

(၄) သင့်ကို ခွင့်လွတ်မြဲခွင့်လွှတ်တယ် ”

သင့်ကို သူဘယ်လောက်ထိချစ်လဲဆိုရင် .. တခြားသူတွေအတွက်ဆို ခွင့်လွှတ်ပေးလို့မရတဲ့ အပြစ်မျိုးဖြစ်နေရင်တောင ် သူ့သင်ကို ခွင့်လွှတ်မြဲ ၊ ခွင့်လွှတ်ဆဲပါ။

သူ နဲ့ တွဲနေရက်နဲ့ သင့်က တခြားတစ်ယောက်နဲ့ တွဲနေတာမျိုး ကိုတောင် သင့်ကို ခွင့်လွှတ်ပေးပြီး ဆက်တွဲနေတတ်တယ်။ သူ့တုံးလို့ ၊ အလို့မဟုတ်ဘဲ သင့်ကို ဆုံးရှုံးလိုက်ရမှာ ကြောက်လို့ပါ။

ဒီလိုမျိုး ချစ်သူကောင်လေးကို ပိုင်ဆိုင်ထားရပြီးဆို အရမ်းမဆိုးပါနဲ့ …။

(၅) သင်က ဘုရင်မ ”

သင်က သူ့ဘဝအတွက် အလင်းပါ။ သူ့မှာ တစ်နေ့လုံးအလုပ်တွေရှုပ်နေရင်တောင် သင်အတွက် အချိန်ပေးပြီး date ပေးတယ်။

သူ့အလုပ်တွေကြောင့် ပင်ပန်းနေရင်တောင် ပင်ပန်းတယ်လို့ မညည်းဘဲ သင့်အတွက် အချိန်ပေးတယ်။သင်စိတ်ဆိုးနေလည်း သင့်ကို စိတ်ရှည်ရှည်နဲ့ ချော့တယ်။ အကြောင်းကတော့

သင့်က သူ့ဘဝ အတွက် ဘုရင်မဖြစ်နေလို့ပါပဲနော် …။ ။