မုန့်ဟင်းခါးမှာပါတဲ့မုန့်ဖတ်မချဉ်အောင်မပုတ်မသိုး အောင်သုံးတဲ့ဓါတုဆေးဝါးတွေ ကြောင့် ကျောက်ကပ်ထိလို့ ကျောက်ကပ်ဆေးနေရ

အရက်မသောက် ဆေးလိပ်မသောက် ကွမ်းမစားသူတစ်ယောက်ကကျောက်ကပ်ထိလို့ ကျောက်ကပ်ဆေးနေရတယ်ဆိုတော့
ဇစ်မြစ်ကိုလိုက်ကြည့်လိုက်တဲ့အခါမှာ

အဖြေကတော့ဒီလူဟာ မုန့်ဟင်းခါးအလွန်ကြိုက်လို့နေ့တိုင်းစားသူပါတဲ့မုန့်ဟင်းခါးမှာပါတဲ့မုန့်ဖတ်မချဉ်အောင်မပုတ်မသိုး
အောင်သုံးတဲ့ဓါတုဆေးဝါးတွေကြောင့်ပါတဲ့

မုန့်ဖတ်လုပ်တဲ့ဖို အားလုံးနီးပါးကလည်း မုန့်ဖတ်တွေမပုတ်အောင်အတွက် လူသေတွေမပုတ်အောင်သုံးတဲ့ဖေါ်မလင်တွေ သုံးကြတယ်ဆိုတာကိုယ်တွေလည်း ကြားဖူးတာတော့ကြာပါပြီ

မုန့်ဖတ်ဖိုတွေရဲ့လက်သုံးစကားကလူတကာကသုံးနေကြလို့သူတို့လည်းမသုံးမဖြစ်သုံးလိုက်ရတာပါတဲ့

ဒီကြားထဲသစ်သီးသည်တွေက မှည့်ဆေးတွေသုံးပုဇွန်ခြောက်ငခြောက်ကဓါတုဆေးတွေဖြန်းအစာအတုဆေးအတုရေသန့်အတု နဲ့ဆိုးဆေးတွေဓါတုဆေးတွေကြားမှာနေထိုင်ရှင်သန်နေကြရတဲ့ဘဝတွေထဲက

ကိုယ့်အလှည့် ဘယ်တော့ရောက်ပါ့မလဲတွေးရင်း 🙄🙄

@ Mg via ချန်ပီယံ @