ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးကြီးနှင့်ဆက်စပ်၍ COVID-19 ရောဂါအတည်ပြုလူနာ ၈၀ ဦးကျော် တွေ့ရှိထား

ကြည့်မြင်တိုင် စံပြငါး ဈေးကြီးနှင့် ဆက်စပ်ပြီး COVID-19 ရောဂါ အတည်ပြုလူနာ ၈၀ ဦးကျော် စစ်ဆေးတွေ့ရှိထား ကြောင်း ယင်းမြို့နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာခင်မောင်လွင် က အတည်ပြုပြောကြားသည်။
အဆိုပါ ပိုးတွေ့လူနာများ တွင် ယမန်နေ့ (စက်တင်ဘာ ၂၇ ရက်) အထိ ငါးဈေးတွင် လုပ်ကိုင် သူများ အပါအဝင် ၎င်းတို့မှတစ် ဆင့် ဆင့်ပွားကူးစက်သူများပါ ဝင်ကြောင်း ၎င်းကဆိုသည်။

‘‘ငါးဈေးနဲ့ဆက်စပ်ပြီး လူ ၈၀ ကျော် ပိုးတွေ့တယ်ဆိုတာက ဖြစ်နိုင်ပါတယ်။ တိုက်ရိုက်ကူး စက်သူရော၊ သွယ်ဝိုက်ပြီး ကူးစက်သူရော ပေါင်းလိုက်ရင် ၈၀ ကျော်ဖို့ပဲ ရှိပါတယ်။ တိုက်ရိုက် ဆိုတာက ဈေးနဲ့တိုက်ရိုက်ဆက် ဆံနေတဲ့သူတွေ။ သူတို့ကနေပြီး ဥပမာအားဖြင့် လူစည်ကားတဲ့ နေရာတွေထပ်သွားမယ်၊ အဲဒီက နေတစ်ဆင့် သွယ်ဝိုက်ပြီးရောဂါကူးစက်ခံရသူတွေရှိတယ်။ ဒါ ကြောင့် တိုက်ရိုက်ကူးစက်သူနဲ့ သွယ်ဝိုက်ကူးစက်သူဆိုပြီး ခွဲပြော တာ’’ဟု ဒေါက်တာခင်မောင်လွင် ကပြောသည်။

လတ်တလော စစ်ဆေးတွေ့ ရှိရသော အခြေအနေများအရကြည့်မြင်တိုင် ဗဟိုစံပြငါးဈေး ကြီးမှ ငါးဒိုင်ကြီးအချို့ အပါအဝင် ဈေးနှင့် ဆက်စပ်လုပ်ကိုင်နေသူ များတွင် ရောဂါပိုးတွေ့ရှိထားပြီး ရောဂါလက္ခဏာ ဆိုးရွားစွာခံစား နေရသူများလည်း ရှိနေကြောင်း ၎င်းက ရှင်းပြသည်။

ကြည့်မြင်တိုင်မြို့နယ် ကိုဗစ်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္က္ကဋ္ဌနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ဝင်းက ‘‘ငါးဈေးနဲ့ပတ်သက်လို့ မြေပြင်အခြေအနေတွေကို တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားတာရှိပါတယ်။ လက်ရှိဒိုင် တွေရဲ့ အနေအထားတွေ၊ ရောင်း ဝယ်ဖောက်ကားမှု အခြေအနေ တွေ အားလုံးတင်ပြထားပါတယ်’’ ဟု ပြောသည်။

အဆိုပါ ငါးဈေးကြီးသည် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ အဓိက စီမံကွပ် ကဲသည့် ဈေးတစ်ဈေးဖြစ်သည့်အတွက် ဈေးပိတ်ခြင်း၊ ဖွင့်ခြင်း စသည့်ဆုံးဖြတ်ချက်ကို ယင်း ကော်မတီကသာ လုပ်ဆောင်ခွင့် ရှိကြောင်း ၎င်းကဆိုသည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဈေးများ ဌာန ဒုတိယဌာနမှူး ဦးသန့်ဇင် ထွန်းက ‘‘ငါးဈေးကြီးနဲ့ပတ်သက် လို့တော့ ကျွန်တော်တို့ ပိတ်ဖို့အစီ အစဉ်မရှိသေးပါဘူး။ ကျွန်တော် တို့ဆီမှာ သီးခြားညွှန်ကြားချက် လည်းမရှိသေးပါဘူး’’ဟု အတည် ပြုပြောကြားသည်။

COVID-19 ကာကွယ်ထိန်း ချုပ်ရေးဗဟိုကော်မတီက စက် တင်ဘာ ၂၀ ရက် ထုတ်ပြန်ချက် အရ သား၊ ငါးများကို Stay at Home အစီအစဉ် ချမှတ်ထား သောမြို့နယ်များမှ သား၊ ငါးဒိုင် ကြီးများသို့ လာရောက်ယူဆောင် ခြင်းမပြုစေဘဲ ဖြန့်ဖြူးရောင်းချလိုသော မြို့နယ်ဈေးများအ ရောက် ပို့ဆောင်ပေးရန် ညွှန်ကြားထားသည်။

 

လက်ရှိတွင် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီဈေးများနှင့် ကုန်စည်ပွဲရုံများစီမံခန့်ခွဲရေးအဖွဲ့က ကြည့်မြင် တိုင်စံပြငါးဈေးကြီးရှိ ဈေးရောင်း ဈေးဝယ်များကို ဗဟိုစံပြငါးဈေး ကြီးနှင့် ရွှေပိတောက်ငါးဈေးအ ပြင် ဗိုလ်တထောင်မြို့နယ် ချမ်းမြေ့ဈေး၊ ၃၈ လမ်းပျံကျဈေး စသည်တို့တွင် ခွဲ၍ရောင်းချစေ နိုင်ရန် စီစဉ်ပေးထားကြောင်း တာဝန်ရှိသူများကဆိုသည်။

ဗဟိုစံပြငါးဈေးကြီး၏ ပုံမှန် ရောင်းဝယ်ဖောက်ကားမှုမှာ ဆိုင် ခန်းပေါင်း ၁၄၀ ကျော်၊ ရောင်း ဝယ်ဖောက်ကားသည့် စက်လှေ ၂၃ စီးဖြင့် ငါးပိဿာချိန် နှစ်သိန်းကျော်၊ နယ်ပို့ငါးပိဿာချိန် ၁၉၀,၀၀၀ ခန့်နှင့် ကားစီးရေ ၄၀၀ ကျော်ဖြင့် ဈေးဝယ်ဦးရေ ၆,၀၀၀ ကျော်ရှိကြောင်း ဈေးများနှင့် ကုန်စည်ပွဲရုံများ စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Unicode


 




 




 

