အစိုးရဟာ စီးပွားရေးကျားကန်မှုကို အရှိန်မြှင့်တဲ့ အနေနဲ့ ဒီလကုန်ရင် ဘီလီယံ ၅၆၀ကို လူတစ်သန်း လက်ထဲ ထည့်ပေးသွားမည်

အစိုးရ ဟာ စီးပွားရေး ကျားကန်မှု ကို အရှိန် မြှင့်တဲ့ အနေနဲ့ ဒီလကုန်ရင် ဘီလီယံ ၅၆၀ ကို လူတစ်သန်း လက်ထဲ ထည့်ပေးသွားမည်

 

အစိုးရ ဟာ စီးပွားရေး ကျားကန်မှု ကို အရှိန်
မြှင့်တဲ့ အနေနဲ့ ဒီလကုန်ရင် ဘီလီယံ ၅၆၀ ကို လူတစ်သန်း လက်ထဲ ထည့်ပေးမှာဖြစ်ပါတယ်။ အစိုးရ ဝန်ထမ်း တွေဟာ ဒီလကုန် လစာထုတ်ရက်မှာ မူရင်းလစာ ၁လစာအပြင် အတိုးမဲ့ ချေးငွေ ၂လ စာကို ပါရ ရှိမှာပါ ။ အရပ်သားဝန်ထမ်းတွေတင်မကပါဘူး တပ်မတော်သားတွေကိုပါ ထုတ်ပေးမှာဖြစ်ပါတယ်။ ဒီငွေပမာဏဟာ ရှေ့လတွေတုန်းက စီးပွားရေးလုပ်ငန်းရှင်တွေကို ထုတ်ချေးခဲ့တဲ့ ချေးငွေထက် ၁၀ ဆ များပါတယ်။

အစိုးရဝန်ထမ်းတွေ လက်ထဲ ငွေ ထည့်ပေးတာအပြင် ပုဂ္ဂလိက လုပ်ငန်းတွေက အလုပ်လက်မဲ့ ဖြစ်သွားသူ( SSB ရှိသူရော မရှိသူပါ) တွေကိုပါ သတ်မှတ်နှုန်းထားတွေနဲ့ ထောက်ပံ့ ပေးမယ်လို့ လည်း ကြေညာထားပါတယ် ဒါလည်း ဒီလကုန်မှာစမယ်လို့ သိထားပါတယ်။

 

အဲဒီ နှစ်ခုနဲ့ အပြိုင် အခြေခံလူတန်းစား လက်လုပ်လက်စား ပုံမှန်ဝင်ငွေ မရှိသူ
တွေကို ၂၀၀၀၀ ကျပ်စီ ထပ်ထောက်ပံ့ပါလိမ့်မယ် ဒါ စတုတ္ထအကြိမ်ပေးတာပါ ( တချို့မြို့နယ်တွေက စပေးနေပါပြီ) ပမာဏအားဖြင့် ၁၁၃ ဘီလီယံ ရှိပါတယ်။ဒါဟာ မြန်မာပြည် သမိုင်းမှာ အကြီးမားဆုံး နဲ့ ပထမဆုံး လုပ်တဲ့ Economy Stimulation plan ပါပဲ။ ၂၀၀၃ ပြသနာ၂၀၀၈ ပြသနာ နဲ့ ဒီ ၂၀၂၀ ကိုဗစ် အရေးတွေကို သိထားသူဆို သဘောပေါက်မှာပါ။

ဒါဟာလုံလောက်လား ပြည့်စုံပြီလားဆို No လိုဖြေရမှာပါပဲ ဒါပေမဲ့ မြန်မာနိုင်ငံလိုအောက်ကျနောက်ကျ အဖက်ဖက်က နိမ့်ပါးနေတဲ့ နိုင်ငံက ရသမျှရင်းမြစ်တွေ အကုန်သုံးပြီး ဒီကပ်ဘေးကို တိုက်ထုတ်နေတာ မြင်ရတော့ အားတက်စရာပါပဲ။လက်မလျော့ပါနဲ့ အားတင်းထားပါ တူတူ ကျော်လွှား ကြပါမယ်။ ဒီကပ်ဘေးနဲ့ မသေ သွားအောင် ကိုယ်တိုင် ကြိုးစားနေထိုင်ပါ ။

 

TSDA

ရန်ကင်း

Crd- Original Post