အသက် ၁၇ နှစ်ပြည့်တော့မယ့် ချစ်သူက အပေါ် အရွှန်းဖောက်ခဲ့တဲ့အကြောင်း ပြောပြလာတဲ့ ပိုပို

အဆိုတော် ပိုပိုကတော့ “ချစ်ဖူးခဲ့သမျှ” အယ်လ်ဘမ်နဲ့ အောင်မြင်မှုတွေ များစွာပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ပိုပိုက လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသလို သူမရဲ့ မနဲ့မောင် အချစ်ဇာတ်လမ်းလေးကိုလည်း သာယာပျော်ရွှင်ဖွယ်

ဖြစ်အောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပိုပိုက သူမရဲ့အချစ်ရေးနဲ့ ပက်သတ်ပြီး ထုတ်ဖော်ပြပြခြင်းမရှိပေမယ့် ဒီတစ်ခါလက်တွဲတဲ့ သူမထက် အသက် (၁၃)နှစ်ငယ်တဲ့ ချစ်သူကောင်လေးအကြောင်းကိုတော့ မီဒီယာတွေမှာ အင်တာဗျူး

တွေဖြေပြီး ပွင့်ပွင့်လင်းလင်း ဖွင့်ချပြခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုပိုက အသက် (၁၇) နှစ်ပြည့်သွားမယ့် ချစ်သူကောင်းလေးဆီက လူကြီးဖြစ်တော့မယ်ဆိုတဲ့ စကားတစ်ခွန်းကြားခဲ့ရကြောင်းကို “၁၇ နှစ်ပြည့်တော့မယ် လူကြီး ဖြစ်တော့မယ် တဲ့။

ကျွန်မ ရယ်တယ်။ ၁၇ နှစ်က လူကြီးလား။ ဟုတ်တယ်လေ ၁၇ ကျော် ၁၈ ထဲ ဝင်လာရင် လူကြီး ဖြစ်ပြီမလားတဲ့ “အင် လူကြီး ဖြစ်ပြီလား ” Edit မ ကရော လူကြီးလားတဲ့။ ဟင်းအင်း မ က အမြဲ ကလေး ပဲ Forever 16” ဆိုပြီး အရွှန်းဖောက်ခဲ့တဲ့

အကြောင်းကို ပြောလာပါတယ်။ ပိုပို့ရဲ့ ချစ်သူကောင်လေးကတော့ အသက် (၁၇)နှစ်အရွယ်လေးဖြစ်ပြီး မင်းသားတစ်ယောက်လို ချောမောတဲ့ ရုပ်ရည်ရှိတာကြောင့် ပရိသတ်တွေက စိတ်ဝင်စားနေရတာပဲ ဖြစ်ပါတယ်။ ပိုပိုတို့ ချစ်သူနှစ်ယောက်

သာယာပျော်ရွှင်တဲ့ အချိန်လေးတွေကို အမြဲတမ်း ပိုင်ဆိုင်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Unicode



 



 

