ဆေးစစ်အဖြေရဖို့ သံသယလူနာ (၄၀၀) လောက် ရှိတဲ့အခန်းမှာ (၃) ရက်ကြာ စောင့်နေရတဲ့အဖြစ်

ဆေးစစ်အဖြေရဖို့ သံသယလူနာ (၄၀၀) လောက် ရှိတဲ့အခန်းမှာ (၃) ရက်ကြာ စောင့်နေရတဲ့အဖြစ်..

အကြံဉာဏ်တောင်းခံအပ်ပါတယ်.. ကျွန်မ တူမလေး တစ်ယောက် ၂၄ ရက်နေ့ လောက်ကစပြီး အနံ့ပျောက်တဲ့ လက္ခဏာ ပြနေလို့ HQ အနေနဲ့ နေခဲ့ပါတယ်.. ကြားထဲမှာလည်း Fever clinic (ဖျားနာကုဆေးခန်း) ကို ဆက်သွယ်တာ မရလို့ ၂၉ ရက်နေ့ မနက်မှာ ရန်ကုန်ဆေးရုံကြီး မှာ သွားရောက် ပြသခဲ့ပါတယ်ရှင်..

ဆေးရုံကနေ သောက်ဆေး ပေးပြီး နောက် ၄ ရက်နေရင် ပြန်လာပြဖို့ ပြောခဲ့ပါတယ်.. မနေ့က ၁ ရက်နေ့ မှာ လာပြဖို့ ဖုန်းဆက်ခေါ်လို့ မနက် ၉ နာရီ ထဲက ဆေးရုံကြီးကို သွားရောက်ခဲ့ပါတယ်..

ပထမ လူနာစာရင်းမှာ သူ့နာမည်စာရင်းက ပျောက်သွားလို့ နေ့လည်ပိုင်းစာရင်းမှာမှ swab test စစ်ပေးထားပါတယ် အခု အခက်အခဲဖြစ် နေတာက တူမလေးလို swab test ယူထားခြင်းခံရတဲ့ သံသယလူနာများ အားလုံးကို result စောင့်ဖို့ ၃ရက် လောက် ထားပြီး Positive အဖြေရမှ Q Center တစ်ခုခုကို ပို့မယ် လို့ပြောပြီး..

လူ ၄၀၀ လောက်ရှိတဲ့အခန်းထဲမှာ ကုတင်၊ Social distancing မရှိပဲ သမံတလင်းပေါ်မှာ အိပ်ရမဲ့အခြေအနေနဲ့ စုပုံပြီး ထည့်ထားလို့ နဂိုအနံ့ပြန်ရခါနီး အနေအထားကနေ P ဖြစ်ဖို့ အလားအလာ ပိုများနေပါတယ် ရှင်..

တချို့လူနာတွေဆို သေဆုံးနေပြီး ဖြစ်နေပါပြီ ခုချိန်ထိလည်း လူနာအသစ်တွေ လက်ခံနေတုန်းပါ။ ဒါကြောင့် ခုထက် ပိုစိတ်ချရတဲ့ Home Q သို့မဟုတ် FQ Center တစ်ခုခုကိုရောက်မှ စိတ်အေးနိုင်မှာမို့ အကြံဉာဏ်တောင်းခံပါတယ်ရှင်..

(ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဗော်လန်တီယာ တွေ အကောင်းဆုံး စေတနာထားပြီး ပြုစုစောက်ရှောက်နေတာကို စာနာနားလည်ပါတယ်ရှင် အရမ်းအခက်အခဲဖြစ်နေလို့ပါ) (Nu Nu Cho)

Unicode



 




 


 
