အမေရိကန် သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump တို့ ၂ ယောက်လုံး Covid-19 ရောဂါ ကူးစက်ခံခဲ့ရ

အမေရိကန် သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump တို့ ၂ ယောက်လုံး Covid-19 ရောဂါ ကူးစက်ခံခဲ့ရကြောင်း သမ္မတထရမ့်က Twitter က တဆင့် ကြေညာခဲ့ပါတယ်။

ချက်ချင်း ကွာရန်တင်းဝင် ပြီး အားလုံး နဲ့ သီးခြားခွဲနေမှာ ဖြစ်သလို ပြန်ကောင်းအောင် နေမယ်လို့ လည်း ရေးပါတယ်။ သမ္မတ အနီးကပ် လက်ထောက်တဦး ဖြစ်တဲ့ Hope Hicks ဆီမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရခဲ့ပြီးတဲ့နောက် မှာ အခုလို ကူးစက်သွားခဲ့တာပါ။

အင်္ဂါနေ့က ကျင်းပခဲ့တဲ့ သမ္မတလောင်း ၂ ဦးရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတဲ့ ကာလအတွင်း Hope Hicks ဟာ သမ္မတနဲ့အတူ အနီးကပ် ရှိနေခဲ့တဲ့အပြင် အဲဒီနောက်နေ့ ဗုဒ္ဓဟူးနေ့က Minnesota ပြည်နယ်မှာ ပြည်လုပ်တဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုမှာကိုလည်း သမ္မတနဲ့အတူ လေယာဉ်စီးပြီး လိုက်ပါသွားခဲ့တာပါ။

သမ္မတရဲ့ ထိပ်တန်းအကြံပေး Hope Hicks ဟာ သမ္မတအပြင် သမ္မတရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရေးအဖွဲ့ဝင် အများစုနဲ့ အခုရက်ပိုင်းတွေအတွင်း အနီးကပ် ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့တာကြောင့် အဲဒီလူတွေပါ Quarantine ဝင်ဖို့ လိုမလိုဆိုတာတော့ မသိရသေးပါဘူး။

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်ပဖို့ တလကျော်ကျော်သာလိုတော့တဲ့အချိန်မှာ သမ္မတရွေးကောက်ပွဲအတွက် အရေးပါတဲ့ပုဂ္ဂိုလ် အခုလို ကိုဗစ် ကူးစက်ခံရတာကြောင့် သမ္မတ Trump ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကို ဘယ်လောက်အထိ ထိခိုက်လာမလဲဆိုတာတော့ မသိရသေးပါဘူး။

Unicode

အမရေိကနျ သမ်မတ Donald Trump နဲ့ သမ်မတကတောျ Melania Trump တို့ ၂ ယောကျလုံး Covid-19 ရောဂါ ကူးစကျခံခဲ့ရကွောငျး သမ်မတထရမ့ျက Twitter က တဆင့ျ ကွညောခဲ့ပါတယျ။




အမရေိကနျသမ်မတရှေးကောကျပှဲကငြျပဖို့ တလကြောျကြောျသာလိုတော့တဲ့အခြိနျမှာ သမ်မတရှေးကောကျပှဲအတှကျ အရေးပါတဲ့ပုဂ်ဂိုလျ အခုလို ကိုဗဈ ကူးစကျခံရတာကွောင့ျ သမ်မတ Trump ရဲ့ ရှေးကောကျပှဲ မဲဆှယျစညျးရုံးမှုတှကေို ဘယျလောကျအထိ ထိခိုကျလာမလဲဆိုတာတော့ မသိရသေးပါဘူး။