ထရမ့်ပ် ကိုဗစ် ဘယ်လို ကူးသလဲ

အမေရိကန်သမ္မတ ထရမ့်ပ်သည် သူ၏ ကိုယ်ရေးလက်ထောက် ဖြစ်သူ ဟုပ်ဟင့်ခ်စ်ထံတွင် ကိုရိုနာဗိုင်းရပ် ကအတည်ပြုခဲ့ပြီးနောက် သမ္မတနှင့် သူ၏ဇနီး မယ်လန်နီယာထရပ့်တို့သည် self- quarantine ဝင်ကာ ဗိုင်းရပ်စ် စစ်ဆေးမှု ရလဒ်ကို စောင့်နေကြောင်း ကြာသပတေးနေ့ညက ပြောကြားခဲ့သည်။

Fox News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထရမ့်ပ်က သူ၏ အကြီးတန်း ကိုယ်ရေး လက်ထောက်ဖြစ်သူ ဟုပ်ဟင့်ခ်စ်ထံတွင် ဗိုင်းရပ်စ်ပိုးကူးစက်မှုကို စမ်းသပ် အတည်ပြုခဲ့ကြောင်းနှင့် ယခုမအခါ သူနှင့်ဇနီးသည် ကိုယ်တိုင် စမ်းသပ်မှု ရလဒ်များကို စောင့်ဆိုင်းနေကြသည်ဟု ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က သူနှင့် အတူ မဲဆွယ်စည်းရုံးရေးပွဲသို့ ဟင့်ခ်စ်လည်း လိုက်ပါခဲ့ပြီး ယခု တစ်ပတ်အတွင်း ထရမ့်ပ်နှင့် အကြီးတန်းလက်ထောက်တို့သည် အချိန်တော်တော် များများ နီးကပ်စွာ ရှိနေခဲ့ကြသည်။

ယခုသီတင်းပတ်အတွင်း သူမသည် သမ္မတ၏ ခရီးစဉ်များစွာတွင် Marine One ရဟတ်ယာဉ်နှင့် Air Force One တို့နှင့်အတူ အချိန်များစွာ လိုက်ပါခဲ့သည်။ Trump ၏ အကြံပေး ပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်သည့် ဟင့်ခ်စ်သည် ကိုဗစ်-၁၉ positive အတည်ပြုခဲ့သော အမြင့်ဆုံး အိမ်ဖြူတော်အရာရှိဖြစ်သည်။

ရွေးကောက်ပွဲအတွက် အကြံပေးအဖြစ် ထရမ့်ပ်၏ အယုံကြည် စိတ်အချရဆုံး လက်ထောက်လည်း ဖြစ်သည်။ အိမ်ဖြူတော်တွင် လက်ထောက်များကို နေ့စဉ် ဗိုင်းရပ်စ် စစ်ဆေးခဲ့သည်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Judd Deere က သမ္မတသည် သူကိုယ်တိုင်နှင့် အမေရိကန် ပြည်သူများအတွက် တာဝန်များကို အလေးအနက်ထား လုပ်ဆောင်နေသူ အားလုံး၏ ကျန်းမာရေးနှင့် ဘေးကင်းရေးကို အစဉ် အလေးထားသူဟု ဆိုသည်။

ထို့နောက် အချိန်သိပ်မကြာမီ သမ္မတ၏ တွစ်တာအကောင့်မှသည် သမ္မတနှင့် သမ္မတကတော်နှစ်ဦးလုံး Positive ဖြစ်ကြောင်းနှင့် လိုအပ်သော ဆေးကုသမှုခံယူမည်ဖြစ်ကြောင်း ရေးသားဖော်ပြလာခဲ့သည်။

ထရမ့်ပ်ထံသို့ ကူးစက်သည်ဟု ယူဆရသော Hope Hicks ဟာ ယခင်က မိုဒယ် တစ်ဦးဖြစ်ခဲ့ပြီး သမ္မတ အိမ်ဖြူတော်မှာ White House Director of Communications ဆက်ဆံရေး ဒါရိုက်တာ အဖြစ် တာဝန်ယူ ခဲ့ဖူးပါတယ်။

သူမဟာ ၂၀၁၈ခုနှစ်မှာ အဲဒီအလုပ်က နှုတ်ထွက် သွားခဲ့ပြီးနောက် ၂၀၂၀ခုနှစ် မတ်လထဲမှာ သမ္မတထရမ့် ရဲ့ ကိုယ်ရေး လက်ထောက် အဖြစ် ပြန်လည် ရောက်ရှိလာသူ ဖြစ်ပါတယ်။

အသက်၃၁နှစ် သာ ရှိသေးတဲ့ Hope Hicks ဟာ ရုပ်ရည် ချောမောသူ ပြေပြစ်သူ တစ်ဦး ဖြစ်ပြီး သမ္မတ နဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူဖြစ်ကြောင်း သိရပါတယ်ဗျာ။

ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်ပြည်ထောင်စုတွင် လူပေါင်း ၂၀၀,၀၀၀ ကျော်ကို သေစေခဲ့ပြီး ကမ္ဘာပေါ်တွင် သေဆုံးမှုအများဆုံးဖြစ်သည်။ အမေရိကတွင် လူပေါင်း ၇.၂ သန်းကျော် ဗိုင်းရပ်စ် ကူးစက်ခံနေရသည်။

Crd : ChannelKeyMyanmar

Unicode












Crd : ChannelKeyMyanmar